top of page

ကလေးနှင့် သကြား

Updated: Apr 22



ကလေးတွေ သကြား/အချိုအလွန်အကျွံ စားတဲ့အခါ အခုလို နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းစီအလိုက် တုံ့ပြန်မှုတွေကတော့ ကွာခြားနိုင်ပါတယ်။


ရေတိုအကျိုးဆက်များ


၁။ သကြား/အချိုအများအပြားစားသုံးခြင်းဟာ သွေးတွင်းဂလူးကို့စ်ကို အမြန်မြင့်တက်စေပြီး နောက်ပိုင်းမှာတော့ ဂလူးကိုစ့်ပြန်ကျသွားတဲ့အတွက် စိတ်ခံစားမှုအပြောင်းအလဲများဖြစ်ခြင်း၊ စိတ်ဆိုးလွယ်ခြင်း (သို့မဟုတ်) ပင်ပန်းနွမ်းနယ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ (မူကြိုမှာဆို အရမ်းသိသာပါတယ်)


၂။ တချို့ကလေးတွေကတော့ သကြား/အချို အစားများပြီးတဲ့အခါမှာ အာရုံစူးစိုက်ဖို့အတွက် အခက်အခဲရှိနိုင်ပါတယ်။ (ဒါလည်း မူကြိုမှာဆို အရမ်းသိသာပါတယ်)


၃။ သကြား/အချိုအလွန်အကျွံစားသုံးခြင်းဟာ ကလေးအချို့ကို ဗိုက်ပွခြင်း၊ လေပွခြင်း (သို့မဟုတ်) ဗိုက်နာခြင်းတို့ ဖြစ်စေနိုင်ပါတယ်။


၄။ သကြား/အချို မကြာခဏစားတဲ့အခါ သွားပိုးစားခြင်း အန္တရာယ်ကို မြင့်တက်စေပါတယ်။


ရေရှည်အကျိုးဆက်များ


၁။ သကြားပါဝင်မှုမြင့်မားတဲ့ အစားအစာများနဲ့ ဖျော်ရည်များကို ပုံမှန်စားသုံးခြင်းဟာ (ကျန်းမာရေးနဲ့ မညီညွတ်တဲ့) ကိုယ်အလေးချိန်တိုးလာခြင်း၊ အဝလွန်ခြင်းတွေကို ဖြစ်စေပါတယ်။


၂။ သကြား/အချိုတွေကို အမြဲစားသုံးခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်လက်ခံနိုင်စွမ်းအပေါ် သက်ရောက်မှုရှိပြီး Type 2 ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။


၃။ ချိုလွန်းတဲ့အစားအစာတွေကို ပုံမှန်စားသုံးတဲ့ ကလေးတွေဟာ သကြားပါဝင်မှုများတဲ့ အစားအစာတွေကိုသာ ပိုမိုနှစ်သက်လာပြီး အသီးအနှံတွေလို သဘာဝအချိုဓါတ်ရှိတဲ့ အစားအစာတွေကိုတော့ ကြိုက်နှစ်သက်မှု နည်းပါးလာနိုင်ပါတယ်။


၄။ သကြား/အချိုပါဝင်မှုများတဲ့ အစားအစာများဟာ အာဟာရဓာတ်ပိုမိုကြွယ်ဝတဲ့ အစားအစာများနေရာမှာ အစားထိုးသွားတဲ့အခါ အာဟာရဓာတ်ချို့တဲ့မှုတွေ ဖြစ်လာနိုင်ပါတယ်။


သကြား/အချိုအစားများခြင်းဟာ ကလေးတွေကို Hyper ဖြစ်စေတယ်ဆိုတာ သုတေသနတွေမှာ အတိအကျ ဖော်ပြထားခြင်း မရှိသေးပေမဲ့ တချို့မိဘများနဲ့ တချို့ Special Needs ဆရာမများကတော့ သက်ရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။


𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓

March 1, 2025

လွတ်လပ်စွာ Share နိုင်ပါသည်။

Copy ပြန်တင်ခြင်း ခွင့်မပြုပါ။

Comments


Have a nice day!

© 2025 by Jessica Mozart. All rights reserved.

bottom of page